Posts

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၅ ခုနှစ်၊ ပြက္ခဒိန်နှစ်အတွင်း အစိုးရရုံးပိတ်ရက်နှင့် အများပြည်သူအလုပ်ပိတ်ရက်များကြားရှိ ရုံးဖွင့်ရက်များကို အစားထိုးခြင်း

Image
နိုင်ငံတော်အစိုးရသည် အများပြည်သူနှင့် နိုင်ငံ့ဝန်ထမ်းများ ခရီးသွားလာမှုလွယ်ကူစေရန်နှင့် ရက်ရှည်အနားယူအပန်းဖြေနိုင်စေရန်အတွက် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၅ ခုနှစ်၊ ပြက္ခဒိန်နှစ်အတွင်း အစိုးရရုံးပိတ်ရက်နှင့် အများပြည်သူအလုပ်ပိတ်ရက်များကြားရှိ အောက်ပါရုံးဖွင့်ရက်များကို တစ်ဆက်တည်း ရုံးပိတ်ရက်များအဖြစ် သတ်မှတ်ထားပါသည်။ Update နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၂၁-၁၂-၂၀၂၄ ရက်စွဲပါ ကြေငြာချက်ကို ရည်ညွှန်း၍ အလုပ်သမားဝန်ကြီးဌာန၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနက ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ထပ်ဆင့်ကြေငြာခဲ့သည်။ PDF ဖိုင် Download ရယူရန်

ကလေးလုပ်သမားခိုင်းစေခြင်းနှင့် လူငယ်အလုပ်သမားခိုင်းစေခြင်း

ကလေးလုပ်သားခိုင်းစေခြင်း ဆိုသည်မှာ - ကလေးများအတွက် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာအရ အန္တရာယ်ရှိသော၊ လူမှုရေးအရ သို့မဟုတ် ကိုယ်ကျင့်တရားအရ ထိခိုက်စေသော အလုပ် ကျောင်းတက်ခြင်းကို အနှောင့်အယှက်ဖြစ်စေသော၊ ကျောင်းတက်ခြင်းနှင့် ရှည်လျားပင်ပန်းသောအလုပ်တို့ကို ပေါင်းစပ်၍ ကြိုးပမ်းလုပ်ကိုင်ရစေသော အလုပ် တို့ကို ဆိုလိုသည်။ ဤအဓိပ္ပါယ်ဖွင့်ဆိုချက်သည် ILO ၏ What is child labour စာမျက်နှာရှိ အဓိပ္ပါယ်ဖွင့်ဆိုချက် [i] အတိုင်းဖြစ်သည်။ ကလေးလုပ်သားခိုင်းစေခြင်းဟု သတ်မှတ်နိုင်ရန်မှာ ထိုကလေး၏ အသက်၊ လုပ်ရသောအလုပ်အမျိုးအစား၊ အလုပ်ချိန်၊ လုပ်ငန်းခွင်အခြေအနေနှင့် မြန်မာနိုင်ငံ၏ ၁၉၅၁ ခုနှစ်၊ အလုပ်ရုံများအက်ဥပဒေ၊ အခန်း (၈) ပါ ပြဌာန်းချက်များနှင့် ကိုက်ညီမှုရှိမရှိတို့အပေါ်တွင် မူတည်သည်။ အသက်ကန့်သတ်ချက် အလုပ်လုပ်ကိုင်ခြင်းနှင့် ပတ်သက်သော အသက်ကန့်သတ်ချက်ပြဌာန်းချက်များကို ၁၉၅၁ ခုနှစ်၊ အလုပ်ရုံများအက်ဥပဒေ၊ ပုဒ်မ ၂ ပါ အဓိပ္ပါယ်ဖွင့်ဆိုချက်များနှင့် အခန်း ၈ ပါ ပြဌာန်းချက်များတွင် အသေးစိတ်လေ့လာနိုင်သည်။ ယင်းဥပဒေအရ အသက် ကန့်သတ်ချက်များမှာ - အရွယ်ရောက်ပြီးသူ လူကြီးတစ်ယောက်အဖြစ် ...

Decision of 352nd Session of ILO Governing Body

Image
The 352nd Session of ILO Governing Body was held from 28th October to 7 November 2024. On its agenda No. 11, the follow-up report of the Commission of Inquiry concerning the non-observance by the Myanmar was discussed leading to an official decision. Below is a summary of the decision. Deplore once again the continued absence of progress and called once again for immediate end of all violent acts. Called for observing Freedom of Association and Forced Labour Conventions as regrads the recommendations of the Commission of Inquiry. The Director General was requested to continue close monitoring the situation, ensuring that no progress takes place, and to submit updates to Governing Body at its 353rd Session (March 2025). Decided to place on the agenda of the 113th Session (2025) of the International Labour Conference an item concerning measures under article 33 of the Constitution to secure compliance by Myanmar with the recommendations of the Commission of I...

သက်ဆိုင်ရာ ဦးစီးဌာနရုံးများသို့ အကြောင်းကြားရခြင်းများ

အလုပ်သမားဥပဒေများပါ ပြဌာန်းချက်များအရ သက်ဆိုင်ရာ ဦးစီးဌာနရုံးများသို့ အကြောင်းကြားရသော ကိစ္စများကို စုစည်းတင်ပြ ထားပါသည်။ လုပ်ငန်းပိုင်ရှင်ကပေးရန်နို့တစ်စာ ၁၉၅၁ ခုနှစ်၊ အလုပ်ရုံများ အက်ဥပဒေ၊ ပုဒ်မ ၈ တွင် လုပ်ငန်းပိုင်ရှင်က အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ထံ နို့တစ်စာ (အကြောင်းကြားစာ) ပေးပို့ရမည့် အကြောင်းအရာများကို ပြဌာန်းထားပါသည်။ ထိုသို့ နို့တစ်စာပေးပို့ အကြောင်းကြားရမည့် ကိစ္စများမှာ အောက်ပါတို့ ဖြစ်ကြပါသည်။ အလုပ်ရုံအဖြစ် မည်သည့်အဆောက်အဦး၌မဆို စတင်၍ လုပ်ငန်းလုပ်ခြင်း သို့တည်းမဟုတ် အဆောက်အဦးကိုအသုံးပြုခြင်း မပြုမီ အနည်းဆုံး ၁၅ ရက် ကြိုတင်၍ အကြောင်း ကြားရခြင်း။ တစ်နှစ်လျှင် အလုပ်လုပ်သည့်ရက်ပေါင်း ၁၈၀ အောက်လျော့၍ သာမန်အားဖြင့်လုပ်သော ပြုုလုပ်မှုလုပ်ငန်းစဥ်ကို အသုံးပြုသောအလုပ်ရုံတွင် အလုပ်ပြန်လည်မလုပ်မီ ရက်ပေါင်း ၃၀ အတွင်း အကြောင်း ကြားရခြင်း။ မန်နေဂျာသစ်ခန့်ထားသည့်အခါတိုင်း ၎င်းမန်နေဂျာအသစ် အလုပ်တာဝန်စတင်ဆောင်ရွက်သည့်နေ့မှ ၇ ရက်အတွင်း အကြောင်း ကြားရခြင်း။ ဥပဒေအရ ပိတ်ရသည့်အခါမှတပါး အလုပ်ရုံတစ်ခုကို ခေတ္တ သို့တည်းမဟု...

SSB ကတ်ပြား ပျက်စီး၊ ပျောက်ဆုံးခြင်း

အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၏ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၄ ရက်၊ စာအမှတ် ၀၆၂၀/၁/လမဖ(အာမခံ)၊ ၂၀၂၄ (၁၉၅၂) ဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ် (၀၀၉/၂၀၂၄) တွင် အာမခံစိစစ်ရေးကတ်ပြား (ပုံစံ-၄) ပျက်စီး၊ ပျောက်ဆုံးနေသော အာမခံအလုပ်သမားများအား သက်ဆိုင်ရာရုံးခွဲတာဝန်ခံမှ ပျောက်ဆုံးကြောင်းနှင့် ဆေးကုသခွင့်ထောက်ခံစာ ပြုလုပ်ပေး၍ ယင်းထောက်ခံစာအား စတင်ထုတ်ပေးသည့်နေ့မှ (၆) လ သက်တမ်းထားရှိရန်နှင့် ထိုကာလအတွင်း ကတ်ပြားမိတ္တူထုတ်ပေးနိုင်ရေး ဆောင်ရွက်ရန် ညွှန်ကြားထားသည်။ ထို့အပြင် အာမခံစိစစ်ရေးကတ်ပြား ပျက်စီး၊ ပျောက်ဆုံးသဖြင့် မိတ္တူလျှောက်ထားရာတွင် ပေးဆောင်ရမည့် ဒဏ်ကြေးငွေနှုန်းထားများကိုလည်း အောက်ပါအတိုင်း ပြဌာန်းထားပါသည်။ ပထမအကြိမ် ၃၀၀၀၀ ကျပ် (ယခင် ၅၀၀၀ ကျပ်မှ ၃၀၀၀၀ ကျပ်သို့ တိုးမြှင့်) နှစ်ကြိမ်မြောက် လျှောက်ထားခြင်းအတွက် ၅၀၀၀၀ ကျပ် သုံးကြိမ်နှင့်အထက် လျှောက်ထားခြင်းအတွက် ၁၀၀၀၀၀ ကျပ် ဖိုင်ရယူရန် ညွှန်ကြားချက်အမှတ် ၀၀၉/၂၀၂၄

အလုပ်တွင်ထိခိုက်မှုနှင့် လူမှုဖူလုံရေး

Image
စက်ရုံလုပ်ငန်းများသည် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ပြဌာန်းချက်များ၊ ညွှန်ကြားချက်များနှင့် လိုအပ်ချက်များအားလုံး လိုက်နာဆောင်ရွက်ထားရန် အလွန်အရေးကြီးပါသည်။ ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေ၊ ပုဒ်မ ၅၃(ခ) တွင် - (ခ)  အလုပ်ရှင်၏ ပြစ်မှုပြစ်ဒဏ်ထိုက်သင့်သော ပြုလုပ်မှု သို့မဟုတ် ပျက်ကွက်မှုကြောင့်ဖြစ်စေ၊ အလုပ်ရှင်က လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး အစီအမံများနှင့် အကာအကွယ်များ ပြုလုပ်မထားခြင်းကြောင့်ဖြစ်စေ ဖြစ်ပေါ်လာသော အလုပ်တွင်ထိခိုက်မှုအတွက် ဆေးကုသမှုကုန်ကျစရိတ်များနှင့် ဤဥပဒေအရ ခံစားခွင့်ရှိသည့် အခြားအကျိုးခံစားခွင့်များကို အလုပ်ရှင်က သတ်မှတ်ချက်များနှင့်အညီ ကျခံရမည်ဖြစ်ပြီး ပျက်ကွက်ခြင်း မရှိစေရ။ ဟု ပြဌာန်းထားပါသည်။ ဆိုလိုသည်မှာ အလုပ်ရှင်၏လိုအပ်ချက်ကြောင့် အလုပ်တွင်ထိခိုက်မှုဖြစ်လျှင် အလုပ်ရှင်က တာဝန်ယူရမည်ဟူ၍ ဖြစ်သည်။ ထို့ကြောင့် အလုပ်တွင်ထိခိုက်မှု အကြောင်း သိထားရန် လိုအပ်သည်။ အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ် အပိုဒ် ၁၁ တွင်လည်း - ၁၁။  ဆေးဝါးကုသခြင်း (က)...

ဒီပါဝလီနေ့ ပိတ်ရက်ကြေညာခြင်း

Image
၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁ ရက် (၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်) သောကြာနေ့သည် ဒီပါဝလီ နေ့ဖြစ်သည့်အတွက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်းရှိ ရုံးများ၏ ပိတ်ရက်နှင့် လွှဲပြောင်းနိုင်သည့်စာချုပ်စာတမ်းများ အက်ဥပဒေ ပုဒ်မ ၂၅ အရ အများပြည်သူတို့၏ အလုပ်ပိတ်ရက်ဖြစ်ကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက အမိန့်ကြော်ငြာစာအမှတ် ၁၇၅/၂၀၂၄ ဖြင့် ထုတ်ပြန်ကြေညာထားပါသည်။ Due to the celebration of Deepavali , Friday, 1st Waxing of Tazaungmone 1386 ME (1st Nov 2024) has been declared a public holiday across the Republic of the Union of Myanmar for all offices and under the provision of Section 25 of the Negotiation Instruments Act. The State Administration Council has made this announcement under Order No. 175/2024. ဖတ်ရှုသင့်သော သက်ဆိုင်ရာပြဌာန်းချက်များ သောကြာ (ဒီပါဝလီ)    စနေ    တနင်္ဂနွေ ခွင့်ရက်နှင့် အလုပ်ပိတ်ရက် နည်းဥပဒေများ၊ အပိုဒ် (၅) အလုပ်သမားသည် ရက်သတ္တပတ် အလုပ်ပိတ်ရက် ကုန်ဆုံးပြီးနောက်တစ်ရက်မှ စတင်၍ ခွင့်တစ်မျိုးမျိုးခံစား...