Posts

Showing posts from October, 2021

ရုံးများ၏ ပိတ်ရက်နှင့် လွှဲပြောင်းနိုင်သည့်စာချုပ်စာတမ်းများ အက်ဥပဒ

Image
နှစ်စဥ် ကြိုတင်သတ်မှတ်မထားသော ဒီပါဝလီနေ့ နှင့် အီဒုလ်အဿွဟာ (ကုရ်ဘာနီအီးဒ်) နေ့ ကဲ့သို့အများပြည်သူရုံးပိတ်ရက်များကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်းရှိ ရုံးများ၏ ပိတ်ရက်နှင့် လွှဲပြောင်းနိုင်သည့်စာချုပ်စာတမ်းများ အက်ဥပဒေ ပုဒ်မ ၅ [1] အရ အများပြည်သူအလုပ်ပိတ်ရက်ဖြစ်ကြောင်း အမိန့်ကြော်ငြာစာဖြင့် ထုတ်ပြန်ကြေညာလေ့ရှိသည်။ ထို့အပြင် အများပြည်သူပိတ်ရက်နှင့် ရက်သတ္တပတ်အလုပ်ပိတ်ရက်တို့ တစ်နေ့တည်းတွင် တိုက်ဆိုင်ကျရောက်နေခြင်းကြောင့် ရုံးများ၏ ပိတ်ရက်နှင့် လွှဲပြောင်းနိုင်သည့် စာချုပ်စာတမ်းများ အက်ဥပဒေ၊ ပုဒ်မ ၂၅ အရ အစားထိုးပိတ်ရက် သတ်မှတ်ပေးခဲ့သည့် သာဓကများလည်းရှိခဲ့သည်။ [2] ထို့ကြောင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်းရှိ ရုံးများ၏ ပိတ်ရက်နှင့် လွှဲပြောင်းနိုင်သည့် စာချုပ်စာတမ်းများ အက်ဥပဒေ ကို လေ့လာစရာဖြစ်လာသည်။ ဤဥပဒေသည် ၁၈၈၂ ခုနှစ်၊ မတ်လ ၁ ရက်နေ့၊ ရက်စွဲတတ်ထားသော အိန္ဒိယအက်ဥပဒေတစ်ခုဖြစ်သည့် The Negotiable Instrument Act ကို ရည်ညွှန်းပြောဆိုခြင်းဖြစ်သည်။ The Negotiable Instrument Act (ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်းရှိ ရုံးများ၏ ပိတ်ရက်နှင့် လွှဲပြောင်...