ရုံးများ၏ ပိတ်ရက်နှင့် လွှဲပြောင်းနိုင်သည့်စာချုပ်စာတမ်းများ အက်ဥပဒ
နှစ်စဥ် ကြိုတင်သတ်မှတ်မထားသော ဒီပါဝလီနေ့ နှင့် အီဒုလ်အဿွဟာ (ကုရ်ဘာနီအီးဒ်) နေ့ ကဲ့သို့အများပြည်သူရုံးပိတ်ရက်များကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်းရှိ ရုံးများ၏ ပိတ်ရက်နှင့် လွှဲပြောင်းနိုင်သည့်စာချုပ်စာတမ်းများ အက်ဥပဒေ ပုဒ်မ ၅[1] အရ အများပြည်သူအလုပ်ပိတ်ရက်ဖြစ်ကြောင်း အမိန့်ကြော်ငြာစာဖြင့် ထုတ်ပြန်ကြေညာလေ့ရှိသည်။ ထို့အပြင် အများပြည်သူပိတ်ရက်နှင့် ရက်သတ္တပတ်အလုပ်ပိတ်ရက်တို့ တစ်နေ့တည်းတွင် တိုက်ဆိုင်ကျရောက်နေခြင်းကြောင့် ရုံးများ၏ ပိတ်ရက်နှင့် လွှဲပြောင်းနိုင်သည့် စာချုပ်စာတမ်းများ အက်ဥပဒေ၊ ပုဒ်မ ၂၅
အရ အစားထိုးပိတ်ရက် သတ်မှတ်ပေးခဲ့သည့် သာဓကများလည်းရှိခဲ့သည်။[2]
ထို့ကြောင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်းရှိ ရုံးများ၏ ပိတ်ရက်နှင့် လွှဲပြောင်းနိုင်သည့် စာချုပ်စာတမ်းများ အက်ဥပဒေ
ကို လေ့လာစရာဖြစ်လာသည်။ ဤဥပဒေသည် ၁၈၈၂ ခုနှစ်၊ မတ်လ ၁ ရက်နေ့၊ ရက်စွဲတတ်ထားသော အိန္ဒိယအက်ဥပဒေတစ်ခုဖြစ်သည့် The Negotiable Instrument Act ကို ရည်ညွှန်းပြောဆိုခြင်းဖြစ်သည်။
- The Negotiable Instrument Act (ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်းရှိ ရုံးများ၏ ပိတ်ရက်နှင့် လွှဲပြောင်းနိုင်သောစာချုပ်စာတမ်းများ အက်ဥပဒေ)
- 1948 Amendment of the Negotiation Instrument Act
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်းရှိ ရုံးများ၏ ပိတ်ရက်နှင့် လွှဲပြောင်းနိုင်သည့် စာချုပ်စာတမ်းများ အက်ဥပဒေ၊ ပုဒ်မ ၂၅
Section 25 of The Negotiation Instrument Act
25. When the day on which a promissory note or bill of exchange is at maturity is a public holiday, the instrument shall be deemed to be due on the next preceding business day.
Explanation - The expression public holiday
includes Sundays and any other day declared by the President of the Union, by notification, to be a public holiday.
အထက်ပြဌာန်းချက်ပါ ရှင်းလင်းချက် Explanation ကို ၁၉၄၈ ခုနှစ်တွင် အောက်ပါအတိုင်း အစားထိုးပြင်ဆင်ခဲ့သည်။
Explanation - The expression "public holiday" includes Sundays, New Year's Day; if it falls on a Sunday, the next following Monday; and any other day declared by the President of the Union, by Notification in the Gazette, to be a public holiday.
မှတ်ချက် - The Negotiable Instrument Act ၏ (စာရေးသူမသိသော) အသစ်ရေးဆွဲ ပြဌာန်းထားခြင်း၊ ထပ်မံပြင်ဆင်ထားခြင်းများ ရှိကောင်းရှိနိုင်ပါသည်။ သို့သော် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်နေ့အထိ ယင်းအက်ဥပဒေ၏ အသစ်ရေးဆွဲ ပြဌာန်းထားခြင်း၊ ထပ်မံပြင်ဆင်ထားခြင်းများ အင်တာနက်စာမျက်နှာတွင် ရှာ၍မတွေ့သေးပါ။
အီဒုလ်အဿွဟာ (ကုရ်ဘာနီအီးဒ်) နေ့ကို အများပြည်သူအလုပ်ပိတ်ရက်အဖြစ် ကြေညာခြင်း
၁၃၈၂ ခုနှစ်၊ ဒုတိယဝါဆိုလဆန်း ၁၃ ရက် (၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၁ ရက်) စနေနေ့
Comments
Post a Comment