Posts

Showing posts from January, 2024

အပိုထောက်ပံ့ကြေးငွေ ၁၀၀၀ ကျပ် သို့မဟုတ် အနည်းဆုံးအခကြေးငွေသတ်မှတ်ကြေငြာခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနသည် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက်၊ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၇၀/၂၀၂၃ ကို ထုတ်ပြန်၍ နိုင်ငံဝန်ထမ်းများနှင့် တပ်မတော် (ကြည်း၊ ရေ၊ လေ) ဝန်ထမ်းများအား တစ်ဦးလျှင် တစ်လ ကျပ် ၃၀,၀၀၀/- (ကျပ်သုံးသောင်းတိတိ) ကိုလည်းကောင်း အစိုးရဌာနများနှင့် အဖွဲ့အစည်းများရှိ နေ့စားအလုပ်သမားများအား အလုပ်ချိန် (၈) နာရီ တစ်ရက်အတွက်လုပ်ခ ၄,၈၀၀/- ကျပ်အပေါ် အပိုထောက်ပံ့ကြေး ၁,၀၀၀/- ကျပ်တိတိ (တစ်ထောင်ကျပ်တိတိ) ကိုလည်းကောင်း တိုးမြှင့်ခံစားခွင့်ပေးခဲ့သည်။ ဆက်လက်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီ သည် အနည်းဆုံးအခကြေးငွေနှုန်းထား ပြင်ဆင်သတ်မှတ်ကြေညာခြင်း ခေါင်းစဥ်ဖြင့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၉) ရက်နေ့ ရက်စွဲပါ၊ အမိန့်ကြော်ငြာစာအမှတ် (၂/၂၀၂၃) ကိုထုတ်ပြန်၍ ပုဂ္ဂလိကလုပ်ငန်းများရှိ အလုပ်သမားများအား အလုပ်ချိန် ၈ နာရီတစ်ရွက်အတွက် ၄,၈၀၀/- ကျပ်အပေါ် အပိုထောက်ပံ့ကြေး ၁,၀၀၀/- ကျပ် တိုးမြှင့်သတ်မှတ်ခဲ့သည်။ ထိုအမိန့်ကြော်ငြာစာတွင် - ၂။ အနည်းဆုံးအခကြေးငွေနှုန်းထားကို ၂၀၁၃ ...