Posts

Showing posts from February, 2024

အလုပ်ခန့်ထားမှုဆိုင်ရာသဘောတူညီချက်စာချုပ်

အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဥပဒေ တွင် အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ် ချုပ်ဆိုခြင်း အပိုင်းကို ပြဌာန်းသည်။ ယင်းဥပဒေ ပုဒ်မ ၅(က) တွင်  ၁။ အလုပ်ရှင်သည် အလုပ်သမားအား အလုပ်တစ်ခုခုကို လုပ်ကိုင်ရန် ခန့်အပ်ပြီးပါက ရက်ပေါင်း ၃၀ အတွင်း အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ် ချုပ်ဆိုရမည်။ သို့ရာတွင် အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းတွင် အမြဲတမ်းဝန်ထမ်း ခန့်အပ်ခြင်းနှင့် သက်ဆိုင်ခြင်းမရှိစေရ။ ၂။ အလုပ်ခန့်ထားခြင်းမပြုမီ အကြို သင်တန်းကာလနှင့် အစမ်းခန့်ကာလ သတ်မှတ်ပါက ယင်းသင်တန်းသားသည် ပုဒ်မခွဲငယ် (၁) ပါ သတ်မှတ်ချက်နှင့် သက်ဆိုင်ခြင်းမရှိစေရ။ ပုဒ်မ ၅ (ခ) တွင်မူ အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ်တွင် ပါဝင်ရမည့် စုစုပေါင်း ၂၁ ချက်ရှိသော အချက်များကို ဖော်ပြသည်။ ထို့နောက် ပုဒ်မ ၅(ဂ) မှ (ဇ) အထိ အောက်ပါတို့အတိုင်း ပြဌာန်းထားသည်ကို လေ့လာမှတ်သားသင့်ပါသည်။ (ဂ)  အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ်တွင် ထည့်သွင်းချုပ်ဆိုသော လုပ်ငန်းခွင်စည်းကမ်းများသည် တည်ဆဲဥပဒေတစ်ရပ်ရပ်နှင့် ညီညွတ်ရမည့်အပြင် အလုပ်သမား၏ အကျ...