Posts

Showing posts from October, 2024

SSB ကတ်ပြား ပျက်စီး၊ ပျောက်ဆုံးခြင်း

အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၏ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၄ ရက်၊ စာအမှတ် ၀၆၂၀/၁/လမဖ(အာမခံ)၊ ၂၀၂၄ (၁၉၅၂) ဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ် (၀၀၉/၂၀၂၄) တွင် အာမခံစိစစ်ရေးကတ်ပြား (ပုံစံ-၄) ပျက်စီး၊ ပျောက်ဆုံးနေသော အာမခံအလုပ်သမားများအား သက်ဆိုင်ရာရုံးခွဲတာဝန်ခံမှ ပျောက်ဆုံးကြောင်းနှင့် ဆေးကုသခွင့်ထောက်ခံစာ ပြုလုပ်ပေး၍ ယင်းထောက်ခံစာအား စတင်ထုတ်ပေးသည့်နေ့မှ (၆) လ သက်တမ်းထားရှိရန်နှင့် ထိုကာလအတွင်း ကတ်ပြားမိတ္တူထုတ်ပေးနိုင်ရေး ဆောင်ရွက်ရန် ညွှန်ကြားထားသည်။ ထို့အပြင် အာမခံစိစစ်ရေးကတ်ပြား ပျက်စီး၊ ပျောက်ဆုံးသဖြင့် မိတ္တူလျှောက်ထားရာတွင် ပေးဆောင်ရမည့် ဒဏ်ကြေးငွေနှုန်းထားများကိုလည်း အောက်ပါအတိုင်း ပြဌာန်းထားပါသည်။ ပထမအကြိမ် ၃၀၀၀၀ ကျပ် (ယခင် ၅၀၀၀ ကျပ်မှ ၃၀၀၀၀ ကျပ်သို့ တိုးမြှင့်) နှစ်ကြိမ်မြောက် လျှောက်ထားခြင်းအတွက် ၅၀၀၀၀ ကျပ် သုံးကြိမ်နှင့်အထက် လျှောက်ထားခြင်းအတွက် ၁၀၀၀၀၀ ကျပ် ဖိုင်ရယူရန် ညွှန်ကြားချက်အမှတ် ၀၀၉/၂၀၂၄

အလုပ်တွင်ထိခိုက်မှုနှင့် လူမှုဖူလုံရေး

Image
စက်ရုံလုပ်ငန်းများသည် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ပြဌာန်းချက်များ၊ ညွှန်ကြားချက်များနှင့် လိုအပ်ချက်များအားလုံး လိုက်နာဆောင်ရွက်ထားရန် အလွန်အရေးကြီးပါသည်။ ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေ၊ ပုဒ်မ ၅၃(ခ) တွင် - (ခ)  အလုပ်ရှင်၏ ပြစ်မှုပြစ်ဒဏ်ထိုက်သင့်သော ပြုလုပ်မှု သို့မဟုတ် ပျက်ကွက်မှုကြောင့်ဖြစ်စေ၊ အလုပ်ရှင်က လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး အစီအမံများနှင့် အကာအကွယ်များ ပြုလုပ်မထားခြင်းကြောင့်ဖြစ်စေ ဖြစ်ပေါ်လာသော အလုပ်တွင်ထိခိုက်မှုအတွက် ဆေးကုသမှုကုန်ကျစရိတ်များနှင့် ဤဥပဒေအရ ခံစားခွင့်ရှိသည့် အခြားအကျိုးခံစားခွင့်များကို အလုပ်ရှင်က သတ်မှတ်ချက်များနှင့်အညီ ကျခံရမည်ဖြစ်ပြီး ပျက်ကွက်ခြင်း မရှိစေရ။ ဟု ပြဌာန်းထားပါသည်။ ဆိုလိုသည်မှာ အလုပ်ရှင်၏လိုအပ်ချက်ကြောင့် အလုပ်တွင်ထိခိုက်မှုဖြစ်လျှင် အလုပ်ရှင်က တာဝန်ယူရမည်ဟူ၍ ဖြစ်သည်။ ထို့ကြောင့် အလုပ်တွင်ထိခိုက်မှု အကြောင်း သိထားရန် လိုအပ်သည်။ အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ် အပိုဒ် ၁၁ တွင်လည်း - ၁၁။  ဆေးဝါးကုသခြင်း (က)...

ဒီပါဝလီနေ့ ပိတ်ရက်ကြေညာခြင်း

Image
၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁ ရက် (၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်) သောကြာနေ့သည် ဒီပါဝလီ နေ့ဖြစ်သည့်အတွက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်းရှိ ရုံးများ၏ ပိတ်ရက်နှင့် လွှဲပြောင်းနိုင်သည့်စာချုပ်စာတမ်းများ အက်ဥပဒေ ပုဒ်မ ၂၅ အရ အများပြည်သူတို့၏ အလုပ်ပိတ်ရက်ဖြစ်ကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက အမိန့်ကြော်ငြာစာအမှတ် ၁၇၅/၂၀၂၄ ဖြင့် ထုတ်ပြန်ကြေညာထားပါသည်။ Due to the celebration of Deepavali , Friday, 1st Waxing of Tazaungmone 1386 ME (1st Nov 2024) has been declared a public holiday across the Republic of the Union of Myanmar for all offices and under the provision of Section 25 of the Negotiation Instruments Act. The State Administration Council has made this announcement under Order No. 175/2024. ဖတ်ရှုသင့်သော သက်ဆိုင်ရာပြဌာန်းချက်များ သောကြာ (ဒီပါဝလီ)    စနေ    တနင်္ဂနွေ ခွင့်ရက်နှင့် အလုပ်ပိတ်ရက် နည်းဥပဒေများ၊ အပိုဒ် (၅) အလုပ်သမားသည် ရက်သတ္တပတ် အလုပ်ပိတ်ရက် ကုန်ဆုံးပြီးနောက်တစ်ရက်မှ စတင်၍ ခွင့်တစ်မျိုးမျိုးခံစား...

အလုပ်ထွက်သွားသော အလုပ်သမားများ၏ လုပ်ခကျန်ငွေ ပေးချေခြင်း သို့မဟုတ် Resign လစာ ပေးချေခြင်း

Image
အလုပ်ထွက်သွားသော အလုပ်သမားများ၏ လုပ်ခကျန်ငွေကို စက်ရုံတိုင်းနည်းပါး လကုန်ပြီးနောက် ၁၀ ရက် သို့မဟုတ် အခြားသတ်မှတ်ရက်တွင် ပေးကြသည်။ ၎င်းကို Resign လစာပေးခြင်း ဟုခေါ်သည်။ ထိုသို့ပေးချေခြင်းမှာ ဥပဒေနှင့် မညီပါ။ အဘယ်ကြောင့်ဆိုသော် ၂၀၁၆ ခုနှစ်၊ အခကြေးငွေပေးချေရေး ဥပဒေ၊ ပုဒ်မ ၄ တွင် - ... ... (ဃ)  အလုပ်သမားအား အလုပ်ရပ်စဲသည့်အခါ ပေးထိုက်သည့် အခကြေးငွေကို အလုပ်မှ ရပ်စဲခြင်းခံရသည့်နေ့မှ အလုပ်ဖွင့်ရက် နှစ်ရက်အတွင်း ပေးချေရမည်။ (င) အလုပ်သမားက အလုပ်ရှင်ထံ ကြိုတင်အကြောင်းကြားစာ ပေးပို့၍ မိမိဆန္ဒအရ အလုပ်မှနှုတ်ထွက်ပါက အခကြေးငွေပေးချေရန် ကာလအပိုင်းအခြား ကုန်ဆုံးသည့်နေ့တွင် ပေးချေရမည်။ (စ) အလုပ်သမားသေးဆုံးသည့်အခါ ထိုအလုပ်သမားအား ပေးထိုက်သည့် အခကြေးငွေကို သေဆုံးပြီးနောက် အလုပ်ဖွင့်ရက် နှစ်ရက်အတွင်း သေဆုံးသူ၏ တရားဝင်အမွေဆက်ခံသူထံသို့ ပေးချေရမည်။ ... ... ဟု ပြဌာန်းထားသည်။ ထို့ကြောင့် အလုပ်ရပ်စဲခံရသောအလုပ်သမားနှင့် သေးဆုံးသည့်အလုပ်သမားအား အလုပ်ဖွင့်ရက် နှစ်ရက်အတွင်...

စက်ရုံ၊ အလုပ်ရုံများတွင်လိုက်နာရမည့် အိမ်သာနှင့်ပတ်သက်သော ပြဌာန်းချက်များ

စက်ရုံ၊ အလုပ်ရုံများတွင်လိုက်နာရမည့် အိမ်သာနှင့်ပတ်သက်သော ပြဌာန်းချက်များကို ၁၉၅၁ ခုနှစ်၊ အလုပ်ရုံများအက်ဥပဒေ၊ အခန်း (၃)၊ ကျန်းမာရေး အခန်း၊ ပုဒ်မ (၂၁) တွင် အိမ်သာများနှင့်ကျင်ငယ်စွန့်ရန်နေရာများ ခေါင်းစဥ်ခွဲဖြင့် ပြဌာန်းထားသည်။ သို့ရာတွင် စက်ရုံ၊ အလုပ်ရုံများ၌ Audit စစ်ဆေးသည့်အခါ Auditor များက စက်ရုံ/အလုပ်ရုံရှိ အလုပ်သမားဦးရေစုစုပေါင်းနှင့် အိမ်သာအလုံးရေစုစုပေါင်းတို့၏ အချိုးကိုတွက်ချက်၍ လိုအပ်သာ အိမ်သာအလုံးအရေအတွက် ပြည့်မီခြင်းမရှိပါက Finding တစ်ခုအဖြစ် ထောက်ပြလေ့ရှိပါသည်။ ထိုအခါ မေးခွန်းတစ်ခုမေးစရာဖြစ်လာသည်မှာ အလုပ်သမားဦးရေ မည်မျှရှိလျှင် အိမ်သာဘယ်နှလုံးရှိရမည်ဟု သတ်မှတ်ထားသနည်း? သို့မဟုတ် အလုပ်သမားဦးရေနှင့် အိမ်သာအလုံးရေ အချိုးအစားကို မည်သို့သတ်မှတ်ထားသနည်း? ဟူသော မေးခွန်းပင်ဖြစ်သည်။ အလုပ်သမားဦးရေနှင့် အိမ်သာအလုံးအရေအတွက် အချိုးအစား ရှိရာသို့ တိုက်ရိုက်သွားရန်။ အလုပ်သမားဦးရေနှင့် အိမ်သာအလုံးအရေအတွက် အချိုးအစားကို ၁၉၅၁ ခုနှစ်၊ အလုပ်ရုံများအက်ဥပဒေ တွင် ပြဌာန်းထားခြင်းမရှိသည်ကို တွေ့ရသည်။ သို့သော် ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ ရက်စွဲဖြင့် လုပ်ငန်းပိုင်ရှင်များထံပေးပို့ခဲ့သော...

စာဖြင့်သတိပေးခြင်း၊ ဝန်ခံကတိလက်မှတ်ရေးထိုးစေခြင်းနှင့် အလုပ်မှရပ်စဲခြင်း

၂၀၁၇ ခုနှစ်၊ ဩဂုတ်လ ၂၈ ရက်၊ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၁၄၀/၂၀၁၇) ဖြင့် ထုတ်ပြန်ခဲ့သော အလုပ်ခန့်ထားမှုဆိုင်ရာသဘောတူညီချက်စာချုပ်ပုံစံတွင် အလုပ်သမားဥပဒေပြဌာန်းများတွင် ပါဝင်ခြင်းမရှိသော အလုပ်မှနှုတ်ထွက်ခြင်းနှင့် အလုပ်မှရပ်စဲခြင်း အပိုင်းကို အောက်ပါအတိုင်း ထည့်သွင်းသတ်မှတ်ထားသည်။ အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ် အပိုဒ် - ၁၅(က) အရ အလုပ်မှနှုတ်ထွက်လိုသော အလုပ်သမားသည် သက်ဆိုင်ရာ လုပ်ငန်းခွဲတာဝန်ခံမှတဆင့် အလုပ်ရှင် သို့မဟုတ် မန်နေဂျာ သို့မဟုတ် စီမံအုပ်ချုပ်သူထံသို့ အနည်းဆုံး တစ်လ ကြိုတင်၍ အကြောင်းကြားရန် တာဝန်ရှိပါသည်။ ထိုသို့ အလုပ်မှတရားဝင်နှုတ်ထွက်ရာတွင် အလုပ်သမားသည် မိမိအား ထုတ်ပေးထားသည့် လစာကတ်၊ ဝန်ထမ်းကတ်၊ လုပ်ငန်းသုံးပစ္စည်းများနှင့် မိမိတာဝန်ယူထားသည့် စာရင်းများ၊ ငွေကြေးများ၊ ပစ္စည်းများကို အလုပ်ရှင်ထံသို့ စနစ်တကျ လွှဲပြောင်းပေးရမည်ဖြစ်ပါသည်။ အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ် အပိုဒ် (၁၅)(ခ) ပါ သတ်မှတ်ချက်များအရ အလုပ်ရှင်သည် အလုပ်သမားအား အလုပ်ရပ်စဲသောအခါ အောက်ပါအချက်များဖြင့်ပြည့်စုံရန် လိုအပ်သည်။ ၁။  ခိုင်လုံသော အ...

ဒုတိယအကြိမ် အပိုထောက်ပံ့ကြေးငွေ ၁၀၀၀ ကျပ် သတ်မှတ်ကြေငြာခြင်း

အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီသည် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၉ ရက်နေ့ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၁/၂၀၂၄) ကို ထုတ်ပြန်၍ "အလုပ်သမားများအတွက် အပိုထောက်ပံ့ကြေးငွေ သတ်မှတ်ကြေငြာခြင်း" ခေါင်းစဥ်ဖြင့် အလုပ်သမားများအတွက် အပိုထောက်ပံကြေးငွေ နောက်ထပ် ၁၀၀၀ ကျပ်ကို သတ်မှတ်ပေးခဲ့သည်။ အလုပ်သမားများအတွက် အပိုထောက်ပံ့ကြေးကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၉ ရက် ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၂/၂၀၂၃ ဖြင့်လည်း ၁၀၀၀ ကျပ်သတ်မှတ်ခဲ့ပြီးဖြစ်ရာ ယခုသတ်မှတ်သော ၁၀၀၀ ကျပ်မှာ ဒုတိယအကြိမ်သတ်မှတ်သော အပိုထောက်ပံ့ကြေးဖြစ်သည်။ ထို့ကြောင့် အလုပ်သမားများ၏ တစ်နေ့လုပ်ခမှာ ၄၈၀၀ ကျပ် (အနည်းဆုံးအခကြေးငွေနှုန်းထား) + ၁၀၀၀ ကျပ် (ပထမအကြိမ် အပိုထောက်ပံ့ကြေး) + ၁၀၀၀ ကျပ် (ဒုတိယအကြိမ် အပိုထောက်ပံ့ကြေး) = ၆၈၀၀ ကျပ် ဖြစ်သွားပြီ ဖြစ်သည်။ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၉ ရက်နေ့ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၁/၂၀၂၄)၊ အပိုဒ် (၄)၊ (၅) နှင့် (၆) တို့တွင်  ၄။ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့မှစ၍ လက်ရှိထောက်ပံ့လျက်ရှိသည့် အပိုထောက်ပံ့ကြေးကျပ် ၁၀၀၀/- အပြင် ထပ်မံ၍ ကျပ် ၁၀၀၀/- ကို အပိုထောက်ပံ့ကြေးအဖြစ် အလုပ်လုပ်သော...

စစ်မှုထမ်းရသော အလုပ်သမားအား ရက်ပေါင်း (၆၀) စာအတွက် အခကြေးငွေပေးရခြင်း ကိစ္စ

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၀) ရက်စွဲပါ အမိန့်ကြော်စာအမှတ် ၂၇/၂၀၂၄ ဖြင့် အာဏာစတင်သက်ရောက်စေခဲ့သော ပြည်သူစစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်သူ - အမျိုးသားဖြစ်လျှင် အသက် ၁၈ နှစ်ပြည့်ပြီးဖြစ်၍ အသက် ၃၅ နှစ်မပြည့်သေးသော နိုင်ငံသားတိုင်း၊ သို့ရာတွင် ကျွမ်းကျင်သူအမျိုးသားဖြစ်လျှင် အသက် ၁၈ နှစ်ပြည့်ပြီးဖြစ်၍ အသက် ၄၅ နှစ်မပြည့်သေးသော နိုင်ငံသားတိုင်းသည်လည်းကောင်း အမျိုးသမီးဖြစ်လျှင် အသက် ၁၈ နှစ်ပြည့်ပြီးဖြစ်၍ အသက် ၂၇ နှစ်မပြည့်သေးသော နိုင်ငံသားတိုင်း၊ သို့ရာတွင် ကျွမ်းကျင်သူအမျိုးသမီးဖြစ်လျှင် အသက် ၁၈ နှစ်ပြည့်ပြီးဖြစ်၍ အသက် ၃၅ နှစ်မပြည့်သေးသော နိုင်ငံသားတိုင်းသည်လည်းကောင်း အနိမ့်ဆုံး (၂) နှစ်မှ အမြင့်ဆုံး (၅) နှစ်ကာလအထိ စစ်မှုထမ်းရန် ဆင့်ခေါ်ခြင်းခံရနိုင်သည်။ ထိုသို့ ဆင့်ခေါ်ခြင်းခံရပြီး စစ်မှုထမ်းကာလပြီးဆုံးသော အလုပ်သမားတစ်ဦးအား မူလထမ်းဆောင်ခဲ့သော အလုပ်အကိုင် သို့မဟုတ် အလားတူ အလုပ်အကိုင်တွင် သတ်မှတ်ထားသည့်အတိုင်း အလုပ်ရှင်က ခန့်ထားရမည် ဟုပြဌာန်းထားသည်ကိုတွေ့ရသည်။ ထို့အပြင် ၂၀၁၆ ခုနှစ်၊ အခကြေးငွေပေးချေရေးဥပဒေ၊ ပုဒ်မ ၃(ဂ) တွင် အလုပ်သမားတစ်ဦးဦးက ပြည်သူ...