ဒုတိယအကြိမ် အပိုထောက်ပံ့ကြေးငွေ ၁၀၀၀ ကျပ် သတ်မှတ်ကြေငြာခြင်း

အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီသည် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၉ ရက်နေ့ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၁/၂၀၂၄) ကို ထုတ်ပြန်၍ "အလုပ်သမားများအတွက် အပိုထောက်ပံ့ကြေးငွေ သတ်မှတ်ကြေငြာခြင်း" ခေါင်းစဥ်ဖြင့် အလုပ်သမားများအတွက် အပိုထောက်ပံကြေးငွေ နောက်ထပ် ၁၀၀၀ ကျပ်ကို သတ်မှတ်ပေးခဲ့သည်။

အလုပ်သမားများအတွက် အပိုထောက်ပံ့ကြေးကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၉ ရက် ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၂/၂၀၂၃ ဖြင့်လည်း ၁၀၀၀ ကျပ်သတ်မှတ်ခဲ့ပြီးဖြစ်ရာ ယခုသတ်မှတ်သော ၁၀၀၀ ကျပ်မှာ ဒုတိယအကြိမ်သတ်မှတ်သော အပိုထောက်ပံ့ကြေးဖြစ်သည်။ ထို့ကြောင့် အလုပ်သမားများ၏ တစ်နေ့လုပ်ခမှာ ၄၈၀၀ ကျပ် (အနည်းဆုံးအခကြေးငွေနှုန်းထား) + ၁၀၀၀ ကျပ် (ပထမအကြိမ် အပိုထောက်ပံ့ကြေး) + ၁၀၀၀ ကျပ် (ဒုတိယအကြိမ် အပိုထောက်ပံ့ကြေး) = ၆၈၀၀ ကျပ် ဖြစ်သွားပြီ ဖြစ်သည်။

၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၉ ရက်နေ့ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၁/၂၀၂၄)၊ အပိုဒ် (၄)၊ (၅) နှင့် (၆) တို့တွင် 

၄။ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့မှစ၍ လက်ရှိထောက်ပံ့လျက်ရှိသည့် အပိုထောက်ပံ့ကြေးကျပ် ၁၀၀၀/- အပြင် ထပ်မံ၍ ကျပ် ၁၀၀၀/- ကို အပိုထောက်ပံ့ကြေးအဖြစ် အလုပ်လုပ်သောရက်များနှင့် ၁၉၅၁ ခုနှစ်၊ ခွင့်ရက်နှင့် အလုပ်ပိတ်ရက်အက်ဥပဒေအရ ခံစားခွင့်ပြုရန်ဖြစ်ပါသည်။

၅။ ဤသတ်မှတ်ချက်သည် အလုပ်သမား ၁၀ ဦးအောက်ရှိ လုပ်ငန်းငယ်များ၊ မိသားစုတစ်ပိုင်တစ်နိုင်လုပ်ငန်းများနှင့် သက်ဆိုင်ခြင်းမရှိစေရ။

၆။ အနည်းဆုံးအခကြေးငွေသတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ ၉-၁၀-၂၀၂၃ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၂/၂၀၂၃) ကို ဤအမိန့်ကြော်ငြာစာဖြင့် လွှမ်းမိုးပယ်ဖျက်လိုက်သည်။

ဟု ဖော်ပြပါရှိသည်။ ထို့ကြောင့် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့မှစ၍ အလုပ်သမားများအား တစ်နေ့လုပ်ခ ၆၈၀၀ ကျပ် (၄၈၀၀ + ၁၀၀၀ + ၁၀၀၀ = ၆၈၀၀ ကျပ်) ပေးရမည်ဖြစ်သည်။
အမိန့်ကြော်ငြာစာအမှတ် (၁/၂၀၂၄) pdf file

Comments

Popular posts from this blog

ဒီပါဝလီနေ့ ပိတ်ရက်ကြေညာခြင်း

အလုပ်ထွက်သွားသော အလုပ်သမားများ၏ လုပ်ခကျန်ငွေ ပေးချေခြင်း သို့မဟုတ် Resign လစာ ပေးချေခြင်း

စက်ရုံ၊ အလုပ်ရုံများတွင်လိုက်နာရမည့် အိမ်သာနှင့်ပတ်သက်သော ပြဌာန်းချက်များ