SSB ကတ်ပြား ပျက်စီး၊ ပျောက်ဆုံးခြင်း
အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၏ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၄ ရက်၊ စာအမှတ် ၀၆၂၀/၁/လမဖ(အာမခံ)၊ ၂၀၂၄ (၁၉၅၂) ဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ် (၀၀၉/၂၀၂၄) တွင် အာမခံစိစစ်ရေးကတ်ပြား (ပုံစံ-၄) ပျက်စီး၊ ပျောက်ဆုံးနေသော အာမခံအလုပ်သမားများအား သက်ဆိုင်ရာရုံးခွဲတာဝန်ခံမှ ပျောက်ဆုံးကြောင်းနှင့် ဆေးကုသခွင့်ထောက်ခံစာ ပြုလုပ်ပေး၍ ယင်းထောက်ခံစာအား စတင်ထုတ်ပေးသည့်နေ့မှ (၆) လ သက်တမ်းထားရှိရန်နှင့် ထိုကာလအတွင်း ကတ်ပြားမိတ္တူထုတ်ပေးနိုင်ရေး ဆောင်ရွက်ရန် ညွှန်ကြားထားသည်။
ထို့အပြင် အာမခံစိစစ်ရေးကတ်ပြား ပျက်စီး၊ ပျောက်ဆုံးသဖြင့် မိတ္တူလျှောက်ထားရာတွင် ပေးဆောင်ရမည့် ဒဏ်ကြေးငွေနှုန်းထားများကိုလည်း အောက်ပါအတိုင်း ပြဌာန်းထားပါသည်။
- ပထမအကြိမ် ၃၀၀၀၀ ကျပ် (ယခင် ၅၀၀၀ ကျပ်မှ ၃၀၀၀၀ ကျပ်သို့ တိုးမြှင့်)
- နှစ်ကြိမ်မြောက် လျှောက်ထားခြင်းအတွက် ၅၀၀၀၀ ကျပ်
- သုံးကြိမ်နှင့်အထက် လျှောက်ထားခြင်းအတွက် ၁၀၀၀၀၀ ကျပ်
Comments
Post a Comment