စက်ရုံ၊ အလုပ်ရုံများတွင်လိုက်နာရမည့် အိမ်သာနှင့်ပတ်သက်သော ပြဌာန်းချက်များ
စက်ရုံ၊ အလုပ်ရုံများတွင်လိုက်နာရမည့် အိမ်သာနှင့်ပတ်သက်သော ပြဌာန်းချက်များကို ၁၉၅၁ ခုနှစ်၊ အလုပ်ရုံများအက်ဥပဒေ၊ အခန်း (၃)၊ ကျန်းမာရေး
အခန်း၊ ပုဒ်မ (၂၁) တွင် အိမ်သာများနှင့်ကျင်ငယ်စွန့်ရန်နေရာများ ခေါင်းစဥ်ခွဲဖြင့် ပြဌာန်းထားသည်။
သို့ရာတွင် စက်ရုံ၊ အလုပ်ရုံများ၌ Audit စစ်ဆေးသည့်အခါ Auditor များက စက်ရုံ/အလုပ်ရုံရှိ အလုပ်သမားဦးရေစုစုပေါင်းနှင့် အိမ်သာအလုံးရေစုစုပေါင်းတို့၏ အချိုးကိုတွက်ချက်၍ လိုအပ်သာ အိမ်သာအလုံးအရေအတွက် ပြည့်မီခြင်းမရှိပါက Finding တစ်ခုအဖြစ် ထောက်ပြလေ့ရှိပါသည်။ ထိုအခါ မေးခွန်းတစ်ခုမေးစရာဖြစ်လာသည်မှာ အလုပ်သမားဦးရေ မည်မျှရှိလျှင် အိမ်သာဘယ်နှလုံးရှိရမည်ဟု သတ်မှတ်ထားသနည်း?
သို့မဟုတ် အလုပ်သမားဦးရေနှင့် အိမ်သာအလုံးရေ အချိုးအစားကို မည်သို့သတ်မှတ်ထားသနည်း?
ဟူသော မေးခွန်းပင်ဖြစ်သည်။
အလုပ်သမားဦးရေနှင့် အိမ်သာအလုံးအရေအတွက် အချိုးအစား ရှိရာသို့ တိုက်ရိုက်သွားရန်။
အလုပ်သမားဦးရေနှင့် အိမ်သာအလုံးအရေအတွက် အချိုးအစားကို ၁၉၅၁ ခုနှစ်၊ အလုပ်ရုံများအက်ဥပဒေ တွင် ပြဌာန်းထားခြင်းမရှိသည်ကို တွေ့ရသည်။ သို့သော် ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ ရက်စွဲဖြင့် လုပ်ငန်းပိုင်ရှင်များထံပေးပို့ခဲ့သော တည်ဆဲအလုပ်သမားဥပဒေပါ ပြဌာန်းချက်များအတိုင်း လိုက်နာဆောင်ရွက်ရေးအကြောင်းကြားခြင်း
စာတွင်မူ အောက်ပါအတိုင်း ရေးသား၍ အကြောင်းကြားထားသည်ကို တွေ့ရသည်။
၁။ စက်ရုံအလုပ်ရုံများရှိ အလုပ်သမားများ၏ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး၊ သက်သာချောင်ချိရေး၊ ခွင့်ရက်နှင့် အလုပ်ပိတ်ရက်ရရှိရေးနှင့် လုပ်ခလစာ နှောင့်နှေးကြန့်ကြာမှုမရှိစေဘဲ အချိန်မှန်ပြည့်ဝစွာ ရရှိခံစားနိုင်ရန် ၁၉၅၁ ခုနှစ် အလုပ်ရုံများ အက်ဥပဒေ၊ ၁၉၅၁ ခုနှစ် ခွင့်ရက်နှင့် အလုပ်ပိတ်ရက် အက်ဥပဒေ၊ ၁၉၃၆ ခုနှစ် လုပ်ခပေးရေး အက်ဥပဒေများ ထုတ်ပြန်၍ အောက်ပါအတိုင်း လိုက်နာဆောင်ရွက်ရန် ပြဌာန်းထားပါသည်
... | ... | ||||||||||||||||||||||
(ဈ) | အလုပ်ရုံအတွင်း သန့်ရှင်းသော သောက်ရေ လုံလောက်စွာထားရှိရန်နှင့် သောက်ရေကို ရေအိမ်နှင့် ပေ (၂၀) အတွင်းမထားရှိရန်။ | ||||||||||||||||||||||
(ည) | အိမ်သာကို သန့်ရှင်းစွာနှင့် သတ်မှတ်လူဦးရေအချိုးအစားအတိုင်း လုံလောက်စွာထားရှိပြီး ကျား/မ ခွဲခြားတည်ဆောက်ထားရန်။ | ||||||||||||||||||||||
(ဋ) | အိမ်သာများကို အလုပ်ခန်းနှင့် တစ်ဆက်တည်းမထားရန်၊ အိမ်သာသန့်ရှင်းရေးအလုပ်သမား လုံလောက်စွာထားရှိရန်။ | ||||||||||||||||||||||
(ဌ) | အလုပ်သမား (၂၅၀) ကျော်သော အလုပ်ရုံများတွင် အိမ်သာများနှင့် ကျင်ငယ်စွန့်ရာနေရာများတွင် ကြမ်းပြင်မှ (၃) ပေအမြင့်အထိ ကြွေရည်သုတ်ကျောက်ပြားများ ကပ်ထားပြီး အနံ့ပျောက်ဆေးများ ဖျန်းထားရန်။
|
||||||||||||||||||||||
(ဍ) | လုပ်သား (၃၀၀) ကျော်ပါက လုပ်သားဦးရေ အစား ၅၀၊ အပေါင်း ၄၊ ရလာဒ်အတိုင်းထားရန် (ဥပမာ - လုပ်သား (၄၀၀) အတွက် ၄၀၀/၅၀ = ၈+၄ = ၁၂ လုံး)။ | ||||||||||||||||||||||
(ဎ) | အိမ်သာအသုံးပြုရန် လုပ်သားဦးရေနှင့်အချိန်ကို ကန့်သတ်မထားရန်၊ လွယ်ကူစွာ သွားလာနိုင်ရေး စီစဥ်ထားရှိရန်။ | ||||||||||||||||||||||
(ဏ) | အိမ်သာ အဝင်အဝတွင် ယောက်ျား (သို့မဟုတ်) မိန်းမ စာတမ်းကို ထင်ရှားအောင် ကပ်ထားရန်။ | ||||||||||||||||||||||
(တ) | မည်သည့် အိမ်သာ (သို့မဟုတ်) ကျင်ငယ်စွန့်ရန်နေရာကိုမျှ ကြားနေရာလပ် (သို့မဟုတ်) လေဝင်လေထွက်နိုင်သော လမ်းမရှိဘဲ အလုပ်ခန်းနှင့် ဆက်သွယ်၍ မထားရ။ | ||||||||||||||||||||||
(ထ) | အိမ်သာများ၊ ကျင်ငယ်စွန့်ရန်နေရာများနှင့် လျှော်ဖွတ်ရန်နေရာများကို သန့်ရှင်းစင်ကြယ်အောင်ပြုလုပ်ရန် တံမြက်လှည်းသူလုံလောက်စွာ ထားရှိရန်။ | ||||||||||||||||||||||
(ဒ) | အနံ့ပျောက်ဆေးနှင့် ရောဂါကင်းစင်စေသည့် ဆေးများ အသုံးပြု၍ နေ့စဥ် သန့်ရှင်းစင်ကြယ်အောင် ဆေးကြောပေးရန်။ |
အလုပ်သမားအခွင့်အရေး ချိုးဖောက်ခြင်းနှင့် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ အခြေအနေများ ဆိုးရွားနေခြင်းတို့အတွက် တိုင်ကြားခံရသော စက်ရုံများ၏ အကြောင်းအရာများတွင် အိမ်သာညစ်ပတ်သည့်ကိစ္စများ ပါဝင်နေသည်ကို သတိပြုရမည်။ အိမ်သာ သန့်ရှင်းမှုမရှိခြင်း၊ ရေမကျခြင်း၊ ရေလျှံနေခြင်း၊ အိမ်သာတံခါးများ ပိတ်မရခြင်း၊ ကျိုးပျက်နေခြင်းများ မရှိစေရန် အမြဲတစေကြည့်ရှုစစ်ဆေး၍ ပြုပြင်ထိန်းသိမ်းနေရမည်ဖြစ်ပါသည်။
Comments
Post a Comment