ကလေးလုပ်သမားခိုင်းစေခြင်းနှင့် လူငယ်အလုပ်သမားခိုင်းစေခြင်း
ကလေးလုပ်သားခိုင်းစေခြင်း ဆိုသည်မှာ - ကလေးများအတွက် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာအရ အန္တရာယ်ရှိသော၊ လူမှုရေးအရ သို့မဟုတ် ကိုယ်ကျင့်တရားအရ ထိခိုက်စေသော အလုပ် ကျောင်းတက်ခြင်းကို အနှောင့်အယှက်ဖြစ်စေသော၊ ကျောင်းတက်ခြင်းနှင့် ရှည်လျားပင်ပန်းသောအလုပ်တို့ကို ပေါင်းစပ်၍ ကြိုးပမ်းလုပ်ကိုင်ရစေသော အလုပ် တို့ကို ဆိုလိုသည်။ ဤအဓိပ္ပါယ်ဖွင့်ဆိုချက်သည် ILO ၏ What is child labour စာမျက်နှာရှိ အဓိပ္ပါယ်ဖွင့်ဆိုချက် [i] အတိုင်းဖြစ်သည်။ ကလေးလုပ်သားခိုင်းစေခြင်းဟု သတ်မှတ်နိုင်ရန်မှာ ထိုကလေး၏ အသက်၊ လုပ်ရသောအလုပ်အမျိုးအစား၊ အလုပ်ချိန်၊ လုပ်ငန်းခွင်အခြေအနေနှင့် မြန်မာနိုင်ငံ၏ ၁၉၅၁ ခုနှစ်၊ အလုပ်ရုံများအက်ဥပဒေ၊ အခန်း (၈) ပါ ပြဌာန်းချက်များနှင့် ကိုက်ညီမှုရှိမရှိတို့အပေါ်တွင် မူတည်သည်။ အသက်ကန့်သတ်ချက် အလုပ်လုပ်ကိုင်ခြင်းနှင့် ပတ်သက်သော အသက်ကန့်သတ်ချက်ပြဌာန်းချက်များကို ၁၉၅၁ ခုနှစ်၊ အလုပ်ရုံများအက်ဥပဒေ၊ ပုဒ်မ ၂ ပါ အဓိပ္ပါယ်ဖွင့်ဆိုချက်များနှင့် အခန်း ၈ ပါ ပြဌာန်းချက်များတွင် အသေးစိတ်လေ့လာနိုင်သည်။ ယင်းဥပဒေအရ အသက် ကန့်သတ်ချက်များမှာ - အရွယ်ရောက်ပြီးသူ လူကြီးတစ်ယောက်အဖြစ် ...