ကလေးလုပ်သမားခိုင်းစေခြင်းနှင့် လူငယ်အလုပ်သမားခိုင်းစေခြင်း
ကလေးလုပ်သားခိုင်းစေခြင်း ဆိုသည်မှာ -
- ကလေးများအတွက် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာအရ အန္တရာယ်ရှိသော၊ လူမှုရေးအရ သို့မဟုတ် ကိုယ်ကျင့်တရားအရ ထိခိုက်စေသောအလုပ်
- ကျောင်းတက်ခြင်းကို အနှောင့်အယှက်ဖြစ်စေသော၊ ကျောင်းတက်ခြင်းနှင့် ရှည်လျားပင်ပန်းသောအလုပ်တို့ကို ပေါင်းစပ်၍ ကြိုးပမ်းလုပ်ကိုင်ရစေသောအလုပ်
တို့ကို ဆိုလိုသည်။ ဤအဓိပ္ပါယ်ဖွင့်ဆိုချက်သည် ILO ၏ What is child labour စာမျက်နှာရှိ အဓိပ္ပါယ်ဖွင့်ဆိုချက်[i]အတိုင်းဖြစ်သည်။
ကလေးလုပ်သားခိုင်းစေခြင်းဟု သတ်မှတ်နိုင်ရန်မှာ ထိုကလေး၏ အသက်၊ လုပ်ရသောအလုပ်အမျိုးအစား၊ အလုပ်ချိန်၊ လုပ်ငန်းခွင်အခြေအနေနှင့် မြန်မာနိုင်ငံ၏ ၁၉၅၁ ခုနှစ်၊ အလုပ်ရုံများအက်ဥပဒေ၊ အခန်း (၈) ပါ ပြဌာန်းချက်များနှင့် ကိုက်ညီမှုရှိမရှိတို့အပေါ်တွင် မူတည်သည်။
အသက်ကန့်သတ်ချက်
အလုပ်လုပ်ကိုင်ခြင်းနှင့် ပတ်သက်သော အသက်ကန့်သတ်ချက်ပြဌာန်းချက်များကို ၁၉၅၁ ခုနှစ်၊ အလုပ်ရုံများအက်ဥပဒေ၊ ပုဒ်မ ၂ ပါ အဓိပ္ပါယ်ဖွင့်ဆိုချက်များနှင့် အခန်း ၈ ပါ ပြဌာန်းချက်များတွင် အသေးစိတ်လေ့လာနိုင်သည်။ ယင်းဥပဒေအရ အသက်ကန့်သတ်ချက်များမှာ -
- အရွယ်ရောက်ပြီးသူ လူကြီးတစ်ယောက်အဖြစ် အလုပ်လုပ်ရန်အတွက် လိုအပ်သော အသက်ကန့်သတ်ချက်သည် အသက် ၁၈ နှစ် (ပြည့်ပြီး) ဖြစ်သည်။
- အလုပ်ခန့်ထားရန် လိုအပ်သော အနိမ့်ဆုံးအသက်ကန့်သတ်ချက်သည် အသက် ၁၄ နှစ် (ပြည့်ပြီး) ဖြစ်သည်။
- အသက် ၁၄ နှစ်ပြည့်ပြီး အသက် ၁၆ နှစ်မပြည့်သေးသူအား "ကလေးအလုပ်သမား" အဖြစ် သတ်မှတ်သည်။
- အသက် ၁၆ နှစ်ပြည့်ပြီး အသက် ၁၈ နှစ်မပြည့်သေးသူအား "လူရွယ်အလုပ်သမား" အဖြစ် သတ်မှတ်သည်။
- "ကလေးအလုပ်သမား" နှင့် "လူရွယ်အလုပ်သမား" နှစ်ရပ်ပေါင်းကို "လူငယ်အလုပ်သမား" ဟု သတ်မှတ်သည်။
- ထို့ကြောင့် "လူငယ်အလုပ်သမား" သည် အသက်တစ်ဆယ့်လေးနှစ်ပြည့်ပြီး အသက်တစ်ဆယ့်ခြောက်နှစ်မပြည့်သေးသူ ဖြစ်သည်။
လူငယ်အလုပ်သမား ခိုင်းစေခြင်း
လူငယ်အလုပ်သမား ခိုင်းစေခြင်းဆိုင်ရာ ပြဌာန်းချက်များကို ၁၉၅၁ ခုနှစ်၊ အလုပ်ရုံများအက်ဥပဒေ၊ အခန်း (၈) တွင် "လူငယ်များ ခိုင်းစေခြင်း" ခေါင်းစဥ်ဖြင့် ပြည့်စုံစွာ ပြဌာန်းထားသည်။ ၎င်းပြဌာန်းချက်များ၏ အကျဥ်းချုပ်မှာ -
- အသက်တစ်ဆယ့်လေးနှစ်မပြည့်သေးသူ မည်သူ့ကိုမျှ အလုပ်ရုံတစ်ခုခုတွင် အလုပ်မလုပ်စေရ သို့မဟုတ် လုပ်ခွင့်မပြုရ။
- အသက် ၁၄ နှစ်ပြည့်ပြီး၊ ၁၈ နှစ်မပြည့်သေးသူ မည်သည့်လူငယ်ကိုမျှ -
- ဘေးအန္တရာယ်ရှိစေသော
- ကျန်းမာရေးထိခိုက်စေသော
- ပညာသင်ကြားနိုင်သည့် အခွင့်အရေးကို အနှောက်အယှက် ဖြစ်စေသော
- စာရိတ္တနှင့် ဂုဏ်သိက္ခာကို ထိခိုက်စေသာ
- ထိုသူအား ရည်ညွှန်းထုတ်ပေးသည့် အလုပ်လုပ်ရန် သင့်လျော်ကြောင်း မှတ်ပုံတင်ဆရာဝန် ထောက်ခံချက်လက်မှတ် ကို မန်နေဂျာက သိမ်းဆည်းမထားလျှင်
- ထိုသူသည် မိမိအလုပ်လုပ်နေစဥ် ယင်းသို့သော အလုပ်လုပ်ရန် သင့်လျော်ကြောင်း မှတ်ပုံတင်ဆရာဝန် ထောက်ခံချက်လက်မှတ် ကို ရည်ညွှန်းသည့် အထိမ်းအမှတ်ကို ဆောင်မထားလျှင်
- မှတ်ပုံတင်ဆရာဝန်သည် အလုပ်ရုံတွင် အလုပ်လုပ်လိုသော လူငယ်ကဖြစ်စေ၊ ၎င်း၏ မိဘ သို့မဟုတ် အုပ်ထိန်းသူကဖြစ်စေ၊ ထိုသူကိုခိုင်းစေလိုသော မန်နေဂျာကဖြစ်စေ လျှောက်ထားလာလျှင် စမ်းသပ်စစ်ဆေးမှုများပြုလုပ်ပြီး ကျေနပ်ပါက -
- အသက် ၁၄ နှစ်ပြည့်ပြီး၊ ၁၆ နှစ်မပြည့်သေးသူအတွက် "အလုပ်လုပ်ရန် သင့်လျော်ကြောင်း မှတ်ပုံတင်ဆရာဝန် ထောက်ခံချက်လက်မှတ်"
- အသက် ၁၆ နှစ်ပြည့်ပြီး၊ ၁၈ နှစ်မပြည့်သေးသူအတွက် "လူကြီးအဖြစ် အလုပ်လုပ်ရန် သင့်လျော်ကြောင်း မှတ်ပုံတင်ဆရာဝန် ထောက်ခံချက်လက်မှတ်"
- "အလုပ်လုပ်ရန် သင့်လျော်ကြောင်း မှတ်ပုံတင်ဆရာဝန် ထောက်ခံချက်လက်မှတ်" သည် ထုတ်ပေးသည့်နေ့မှ ၁၂ လအတွက်သာ ဖြစ်သည်။
- "အလုပ်လုပ်ရန် သင့်လျော်ကြောင်း မှတ်ပုံတင်ဆရာဝန် ထောက်ခံချက်လက်မှတ်" အတွက် ပေးဆောင်ရမည့် အခငွေကို ဆိုင်ရာလုပ်ငန်းပိုင်ရှင်ကသာ ပေးဆောင်ရမည်။
- အလုပ်လုပ်ရန် သင့်လျော်ကြောင်း မှတ်ပုံတင်ဆရာဝန် ထောက်ခံချက်လက်မှတ်ရသော အသက် ၁၄ နှစ်ပြည့်ပြီး၊ ၁၆ နှစ်မပြည့်သေးသူ "ကလေးအလုပ်သမား" အတွက် -
- မည်သည့်ရက်တွင်မျှ စုစုပေါင်း ၄ နာရီထက်ပို၍
- ညနေ ၆ နာရီမှ နံနက် ၆ နာရီအတွင်း
- အားလပ်ချိန်ပေးလျှင် အားလပ်ချိန်နှင့် အလုပ်ချိန်စုစုပေါင်း ၅ နာရီထက်ပို၍
- အလုပ်ရုံတစ်ခု၌ အလုပ်လုပ်ပြီးဖြစ်သောရက်တွင် အခြားအလုပ်ရုံ၌
- အလုပ်လုပ်ချိန် ကာလအပိုင်းအခြား အလှည့်ခြင်းမထပ်သော အလှည့်နှစ်လှည့်သာ ကန့်သတ်ထားရမည်။
- ထို့ပြင် ကလေးအလုပ်သမား အလုပ်လုပ်သည့် အလှည့်ကျလူစုကို အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၏ သဘောတူညီချက်မရဘဲ တစ်လလျှင် တစ်ကြိမ်ထက်ပို၍ ပြောင်းလဲခြင်းမပြုရ။
- အလုပ်လုပ်ရန် ကာလအပိုင်းအခြားနို့တစ်စာကို ပြဌာန်းချက်များနှင့်အညီ မြင်သာသောနေရာတွင် ကပ်ထားရမည်။
- ယင်းနို့တစ်စာမိတ္တူနှစ်စောင်ကို အလုပ်စတင်လုပ်သည့်နေ့မတိုင်မီ စစ်ဆေးရေးအရာရှိထံ ပေးပို့ရမည်။
- အမည်၊ မိဘအမည်၊ အလုပ်အမျိုးအစား၊ အလုပ်နေရာ၊ အလုပ်ချိန်၊ မှတ်ပုံတင်ဆရာဝန် ထောက်ခံချက်လက်မှတ် အမှတ်စဥ်နှင့် အခြားသက်ဆိုင်ရာ အကြောင်းအရာများပါဝင်သည့် ကလေးအလုပ်သမားမှတ်ပုံတင်စာအုပ် ထားရှိရမည်။
- လူကြီးအဖြစ် အလုပ်လုပ်ရန် သင့်လျော်ကြောင်း မှတ်ပုံတင်ဆရာဝန် ထောက်ခံချက်လက်မှတ်ရပြီး ထိုထောက်ခံချက်လက်မှတ်ကို ရည်ညွှန်းသည့် အထိမ်းအမှတ်ကိုလည်း ဆောင်ထားသည့် အသက် ၁၆ နှစ်ပြည့်ပြီး၊ ၁၈ နှစ်မပြည့်သေးသူ လူရွယ်သည် အခန်း (၇) ပါ ပြဌာန်းချက်များအလို့ငှာ လူကြီးတစ်ယောက်အဖြစ် အလုပ်လုပ်နိုင်သည်။
- လူကြီးအဖြစ် အလုပ်လုပ်ရန် သင့်လျော်ကြောင်း မှတ်ပုံတင်ဆရာဝန် ထောက်ခံချက်လက်မှတ်မရသော အသက် ၁၆ နှစ်ပြည့်ပြီး၊ ၁၈ နှစ်မပြည့်သေးသူ လူရွယ်သည် "ကလေးအလုပ်သမား" ကဲ့သို့သာ အလုပ်လုပ်ကိုင်ရမည်။
- ဝန်ကြီးဌာနသည် မှတ်ပုံတင်ဆရာဝန် ထောက်ခံချက်လက်မှတ် ထုတ်ပေးခြင်းနှင့်ပတ်သက်၍လည်းကောင်း၊ အလုပ်လုပ်ရန်သင့်လျော်သည့် လူငယ်များ၏ ကာယဗလအဆင့်အတန်းကိုလည်းကောင်း နည်းဥပဒေများ ပြဌာန်းခွင့်အာဏာရှိသည်။
ကြည့်ရန်
The term child labour is often defined as work that deprives children of their childhood, their potential and their dignity, and that is harmful to physical and mental development.
It refers to work that:
- is mentally, physically, socially or morally dangerous and harmful to children; and/or
- interferes with their schooling by: depriving them of the opportunity to attend school; obliging them to leave school prematurely; or requiring them to attempt to combine school attendance with excessively long and heavy work.
Whether or not particular forms of work can be called child labour depends on the child’s age, the type and hours of work performed, the conditions under which it is performed and the objectives pursued by individual countries. The answer varies from country to country, as well as among sectors within countries.
Comments
Post a Comment