ပြည်သူ့စစ်မှုထမ်းဆိုင်ရာ အလုပ်သမားရေးရာပြဌာန်းချက်များ
ပြည်သူ့စစ်မှုထမ်းနည်းဥပဒေများ ကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက် ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၂/၂၀၂၅) ဖြင့် ထုတ်ပြန်ထားပါသည်။ ၎င်းမှာ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၀) ရက်၊ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၂၇/၂၀၂၄) ဖြင့် အာဏာသက်ရောက်စေခဲ့သော ပြည်သူ့စစ်မှုထမ်းဥပဒေ ၏ နည်းဥပဒေများ ဖြစ်ပါသည်။ အလုပ်သမားရေးရာနှင့်သက်ဆိုင်သော ပြဌာန်းချက်များ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် နည်းဥပဒေများ တွင်ပါဝင်သည့် အလုပ်သမားရေးရာနှင့်သက်ဆိုင်သော ပြဌာန်းချက်များ၊ အလုပ်သမားဥပဒေတွင်ပါဝင်သော ပြည်သူ့စစ်မှုထမ်းခြင်းဆိုင်ရာ ပြဌာန်းချက်များနှင့် ညွှန်ကြားချက်များမှာ - ပြည်သူ့စစ်မှုထမ်းဥပဒေ၊ ပုဒ်မ ၁၈(ခ) ပုဒ်မ ၃ နှင့် ၄ ပါ ပြည်သူ့စစ်မှုထမ်းကာလပြီးဆုံးသော အလုပ်သမားတစ်ဦးအား မူလ ထမ်းဆောင်ခဲ့သော အလုပ်အကိုင် သို့မဟုတ် အလားတူ အလုပ်အကိုင်တွင် သတ်မှတ်ထားသည့်အတိုင်း အလုပ်ရှင်က ခန့်ထားရမည်။ ပြည်သူ့စစ်မှုထမ်းနည်းဥပဒေ ၄၄ အလုပ်သမားတစ်ဦးသည် ပြည်သူ့စစ်မှုထမ်းအဖြစ် တာဝန်ထမ်းဆောင်ရသည့်အခါ ယင်းအလုပ်သမား၏ အလုပ်ရှင်သည် အလုပ်သမားအတွက် အခကြေးငွေကို သက်ဆိုင်ရာဝန်ကြီးဌာနက သတ်မှတ်ပြဌာန်းထားသည့်ဥပဒေ၊ နည်းဥပဒေများ၊ အမိန့်ကြော်ငြာစာ၊...