ပြည်သူ့စစ်မှုထမ်းဆိုင်ရာ အလုပ်သမားရေးရာပြဌာန်းချက်များ

ပြည်သူ့စစ်မှုထမ်းနည်းဥပဒေများ ကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက် ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၂/၂၀၂၅) ဖြင့် ထုတ်ပြန်ထားပါသည်။ ၎င်းမှာ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၀) ရက်၊ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၂၇/၂၀၂၄) ဖြင့် အာဏာသက်ရောက်စေခဲ့သော ပြည်သူ့စစ်မှုထမ်းဥပဒေ ၏ နည်းဥပဒေများ ဖြစ်ပါသည်။

အလုပ်သမားရေးရာနှင့်သက်ဆိုင်သော ပြဌာန်းချက်များ

ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် နည်းဥပဒေများ တွင်ပါဝင်သည့် အလုပ်သမားရေးရာနှင့်သက်ဆိုင်သော ပြဌာန်းချက်များ၊ အလုပ်သမားဥပဒေတွင်ပါဝင်သော ပြည်သူ့စစ်မှုထမ်းခြင်းဆိုင်ရာ ပြဌာန်းချက်များနှင့် ညွှန်ကြားချက်များမှာ -

ပြည်သူ့စစ်မှုထမ်းဥပဒေ၊ ပုဒ်မ ၁၈(ခ)
ပုဒ်မ ၃ နှင့် ၄ ပါ ပြည်သူ့စစ်မှုထမ်းကာလပြီးဆုံးသော အလုပ်သမားတစ်ဦးအား မူလ ထမ်းဆောင်ခဲ့သော အလုပ်အကိုင် သို့မဟုတ် အလားတူ အလုပ်အကိုင်တွင် သတ်မှတ်ထားသည့်အတိုင်း အလုပ်ရှင်က ခန့်ထားရမည်။

ပြည်သူ့စစ်မှုထမ်းနည်းဥပဒေ ၄၄
အလုပ်သမားတစ်ဦးသည် ပြည်သူ့စစ်မှုထမ်းအဖြစ် တာဝန်ထမ်းဆောင်ရသည့်အခါ ယင်းအလုပ်သမား၏ အလုပ်ရှင်သည် အလုပ်သမားအတွက် အခကြေးငွေကို သက်ဆိုင်ရာဝန်ကြီးဌာနက သတ်မှတ်ပြဌာန်းထားသည့်ဥပဒေ၊ နည်းဥပဒေများ၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ပေးရမည်။

၂၀၁၆ ခုနှစ်၊ အခကြေးငွေပေးချေရေးဥပဒေ၊ ပုဒ်မ ၃(ဂ)
အလုပ်သမားတစ်ဦးဦးက ပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းရသည့်အခါ ထိုအလုပ်သမားအား အထူးခွင့်အဖြစ်သတ်မှတ်ပြီး ရက်ပေါင်း (၆၀) အတွက် အခကြေးငွေ ထုတ်ပေးရမည်။

လူမှုဖူလုံရေးအဖွဲ့ ၏ ၂၀၂၄ ခုနှစ်၊ မေလ ၁၃ ရက်၊ ရက်စွဲပါ စာအမှတ် ၀၆၀၄/၁/လမဖ(အာမခံ)၂၀၂၄(၁၅၃၂)
ပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းရမည့် အလုပ်သမားအား အလုပ်ရှင်မှ ထုတ်ပေးရမည့် ရက်ပေါင်း (၆၀) အတွက် အခကြေးငွေအပေါ် ထည့်ဝင်ကြေး ကောက်ခံခြင်းမပြုရန်။

စစ်မှုထမ်းရသော အလုပ်သမားအား ရက်ပေါင်း (၆၀) စာအတွက် အခကြေးငွေပေးရခြင်းကိစ္စ ကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

Comments

Popular posts from this blog

အလုပ်ထွက်သွားသော အလုပ်သမားများ၏ လုပ်ခကျန်ငွေ ပေးချေခြင်း သို့မဟုတ် Resign လစာ ပေးချေခြင်း

ဒီပါဝလီနေ့ ပိတ်ရက်ကြေညာခြင်း

Decision of 352nd Session of ILO Governing Body