WCC ရွေးကောက်ပွဲ သို့မဟုတ် WCC အလုပ်သမားကိုယ်စားလှယ် ရွေးချယ်ခြင်း

အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ (Workplace Coordination Committee - WCC) ဖွဲ့စည်းရာတွင် အလုပ်သမားကိုယ်စားလှယ်များကို ရွေးချယ်ရန် အများအခေါ် WCC ရွေးကောက်ပွဲ ပြုလုပ်ရမည်၊ မည်သို့ပြုလုပ်ရမည်ကို အလုပ်သမားဥပဒေတွင် ပြဌာန်းထားခြင်းမရှိပါ။ သို့သော် အလုပ်သမားကိုယ်စားလှယ်သည် အလုပ်သမားများက လွတ်လပ်သောသဘောဆန္ဒဖြင့် ရွေးချယ်ခြင်းခံရသည့် စစ်မှန်သောကိုယ်စားပြုနိုင်သူ ဖြစ်ရမည်ဟူသော အခြေခံသဘောတရားအရ အလုပ်သမားကိုယ်စားလှယ်များကို ရွေးချယ်ရန် အများအခေါ် WCC ရွေးကောက်ပွဲ ပြုလုပ်ရမည်သာ ဖြစ်ပါသည်။ WCC ဖွဲ့စည်းခြင်းနှင့်သက်ဆိုင်သော အလုပ်သမားဥပဒေပြဌာန်းချက်များကို အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ ဖွဲ့စည်းခြင်း တွင် ကြည့်ရှုနိုင်ပါသည်။ သို့ရာတွင် လုပ်သားအင်အားအများအပြားဖြင့်လုပ်ကိုင်ရပြီး အလုပ်ချိန်တစ်မိနစ်သည်ပင်လျှင် ကုန်ထုတ်လုပ်မှုအပေါ် အကျိုးသက်ရောက်မှုရှိသော အထည်ချုပ်လုပ်ငန်းများအနေဖြင့် WCC ရွေးကောက်ပွဲကို အမှန်ဆုံးနှင့် အမြန်ဆုံးဖြစ်အောင် စနစ်တကျ ကြိုတင်ပြင်ဆင်၍ ဆောင်ရွက်တတ်ရန် လိုပါသည်။ ထိုသို့ဆောင်ရွက်နိုင်ရန် အောက်ပါအကြံပြုချက်များကို အသုံးပြု နိုင်ပါသည်။ ကြိုတင်...